လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဇုံနယ်နှစ်ခြင်းဘုရားကျောင်းသို့ အင်ဂျန်းယန်ကျေးရွာများမှ ရှောက်ရှိလာသော ခေတ္တခဏနေရပ်စွန့်ခွာ အိမ်ထောင်စု (၈၀)မှ လူဦးရေ (၃၆၃) ဦးတို့အတွက် ဆန် (၁၁၃)အိတ် (၁၀)ပြည် (၄) ဗူး၊ ဆီ (၁၆၀)ပိဿာ၊ ဆား (၈၀) ပိဿာ၊ ပဲ (၁၆၀)ပိဿာ၊ (၄၄၈၂၃၁၅ိ/-)ကျပ်တန်ဖိုးရှိ ဆန်၊ဆီ၊ဆား၊ပဲ (၁) လစာနှင့် (၅၈၅၆၀၀၀ိ/-) တန်ဖိုးရှိသော (၃၂) မျိုးပါ Relief Kit (၈၀) ဖာတို့အား (၃၁-၅-၂၀၁၇) ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၏ ခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_may2018