မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်အထိ ကျိုင်းတုံမြို့နယ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုစုပေါင်း တက်ရောက်သူ (၁၀၀) ဦးအား မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်မှုအခြေအနေများ၊ ဖြစ်ပွားလာပါ်က မည်ကဲ့သို့ဆောင်ရွက်သင့်သည်၊ ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများအား အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါ သည်။ ဆက်လက်၍ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ ရာသီဥတု ပြောင်းလဲလာမှုအကြောင်း အရင်းများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များအကြောင်းနှင့် ငလျင်ဘေးဖြစ်ပေါ်နိုင်မှုအခြေအနေများ၊ ဘေးဖြစ်ပွားလာပါက မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း၊ မဖြစ်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်ထားရန်လိုအပ်မှုအကြောင်း၊ ဘေး (၈) မျိုးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အကြောင်းအရာ များကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_may2018

Sign Up

Upcoming Events