ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေးမြို့နယ်၊ ထောက်ကြန့် ကျေးရွာ၊ နန်းစောင်းပုကျေးရွာ၊ ရန်ကြီးအောင်ကျေးရွာတို့တွင် (၂၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အမိုးလန်နေအိမ် (၁၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၉,၀၀၀ိ/-) ကျပ်နှင့် ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ ဟောင်းတွင် (၂၇-၅-၂၀၁၈) ရက်နေ့တွင် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၉-၅-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ကလေးမြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ha_tls
#sgg_may2018

Sign Up

Upcoming Events