လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်၊ အုပ်စု (၅) စု၊ ကျေးရွာ (၁၁) ရွာတို့၌ (၁၈-၅-၂၀၁၈) နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အမိုးလန်အိမ် (၃၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၆၇,၀၀၀ိ/-) ကျပ်၊ ပြိုလဲနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ ပြိုလဲနေအိမ် (၄) လုံးရှိ လူဦးရေ (၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀ိ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂,၅၀၉,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ပလပ်စတစ်ပုံးအပါ (၄) ပုံးတို့အား (၃၀-၅-၂၀၁၈) (၁၄:၀၀) နာရီ ချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရ ရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_may2018

Sign Up

Upcoming Events