လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ကျေးရွာအုပ်စု (၃၆) စု၊ ကျေးရွာခွဲ (၁၃၁) ရွာ၊ ရပ်ကွက် (၁) ခုတို့တွင် (၁၅-၅-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁) လုံးနှင့် (၂၈-၄-၂၀၁၈) ရက်နေ့မှ (၁၈-၅-၂၀၁၈) နေ့အထိ လေပြင်းတိုက်ခတ်မှု ဒဏ်ခံစားခဲ့ရသော အိမ်ခြေ/အိမ်ထောင်စု (၅၆၅) စု၊ စုစုပေါင်းလူဦးရေ (၂၂၉၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၇,၁၁၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂,၀၉၃,၇၀၀) ကျပ်၊ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် ထောက်ပံ့အလှူငွေ (၅၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၉,၇၀၃,၇၀၀) ကျပ်ကိုလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စုနှင့် မြဝတီရပ်ကွက်တို့တွင် (၂၄/၂၅ -၅-၂၀၁၈) နေ့၌ ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၂) ဦးတို့ အတွက်ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁) အိမ်ထောင်စာကိုလည်းကောင်း ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာကိုလည်းကောင်း စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၆၉၃၇၃) ကျပ်တို့အား (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်ဒုတိယ ဦးစီးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_may2018