လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာ၌ (၃၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးသွားသော စိန်ရတနာဇောတိက ဘုန်းတော်ကြီးကျောင်း အတွက် ကျောင်းဆောက်ထောက်ပံ့အလှူငွေ (၅၀,၀၀၀ိ/-)ကျပ်အား (၃၀-၅-၂၀၁၈) ရက်နေ့တွင် သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#npw_may2018