လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၇) ရွာတွင် (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် တစိတ်တပိုင်း/အမိုးလန်အိမ် (၂၃) လုံးနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်+ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၁၅,၆၀၀ိ/-) ကျပ်တို့အား (၃၀-၅-၂၀၁၈) ရက်နေ့၊ (၁၇:၀၀) နာရီချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_may2018

Sign Up

Upcoming Events