၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်ခန့်တွင် ROYAL ACE HOTEL (နေပြည်တော်)၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် UN-Habitat အဖွဲ့အစည်းများ ပူးပေါင်း၍ “မြို့နယ်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစီမံချက် လမ်းညွှန်များရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း

1 4 3

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်ခန့်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် UN-Habitat အဖွဲ့အစည်းများ ပူးပေါင်း၍ “မြို့နယ်အဆင့်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစီမံချက် လမ်းညွှန်များရေးဆွဲရေး ညှိနှိုင်းဆွေးနွေးပွဲ” အား ROYAL ACE HOTEL  (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးမှုအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကာ မြို့နယ်နှင့် ရပ်ကွက် ၊ ကျေးရွာအုပ်စုအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစီမံချက်လမ်းညွှန်မှုများအပေါ် အဖွဲ့လိုက်ဆွေးနွေးတင်ပြချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events