ပွင့်ဖြူမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

31 Pic 05 31 Pic 06
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်အတွင်း (၂၉-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၂၅၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၀၄၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဖိုးငွေ (၁၅၀,၀၀၀ိ/-)ကျပ်၊ သစ်ပင်ပိ၍ ဒဏ်ရာရသူ (၂) ဦးအတွက် ဒဏ်ရာရ ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၀၅၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂,၂၀၉,၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၇၄၉,၂၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၅) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂၅၂) အိမ်ထောင်စုစာတို့အား (၃၀-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events