စလင်းမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

31 Pic 03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ရပ်ကွက် (၂)၊ ကျေးရွာ (၁) ရွာတွင် (၂၉-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၄၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၆) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၇) အိမ်ထောင်စု စာတို့အား (၃၀-၅-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events