လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ရပ်ကွက် (၁)၊ ကျေးရွာ (၁၁) ရွာတွင် (၂၉-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျအိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၁၅၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၁၆၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၅၁၀,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၇) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၅၈) အိမ်ထောင် စုစာတို့အား (၃၀-၅-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018