မကွေးမြို့နယ်၊ ကြာကန်ကျေးရွာတွင် စက်ရေတွင်း သစ်နှင့် ဂါလံ (၁၆၀၀) ဆံ့ စင်မြင့်ရေစင် ဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးဌာနမှ တာဝန်ရှိသူများသည်(၂၉-၅-၂၀၁၈) ရက်နေ့က မကွေးမြို့နယ်၊ ကြာကန်ကျေးရွာတွင်ဝန်ကြီးဌာန၏လှူဒါန်းငွေဖြင့် ဆောင်ရွက်သော စက်ရေတွင်းသစ်နှင့် ဂါလံ (၁၆၀၀) ဆံ့ စင်မြင့်ရေစင်ဖွင့်ပွဲ၌ စက်ရေတွင်းသစ် တူးဖော်လှူဒါန်း
ခြင်းကိုရှင်းပြောကြားခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်ခင်ချိုလတ်နှင့်
တိုင်းဒေသကြီးဦးစီးမှူးတို့က (၄) လက်မ စက်ရေတွင်း၊ ရေတင်စက်ရုုံနှင့် အဆောက်အဦးဆိုင်ရာ
စာရွက်စာတမ်းများကို ရပ်မိရပ်ဖများ/ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များထံသို့လွှဲပြောင်း
ပေးအပ်ပြီး စက်ရေတွင်းကို ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါစက်ရေတွင်း ဖွင့်လှစ်ပေးမှုကြောင့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၀၀) ခန့်နှင့် ကြာကန်ကျေးရွာမှ အိမ်ထောင်စု
(၁၅၀) မှ လူဦးရေ (၇၅၀) ဦးတို့အတွက် သန့်ရှင်းသော သောက်သုံးရေများကို ဖူလုံစွာရရှိ၍ ပြည်သူများအနေဖြင့် ဝမ်းသာလျက်ရှိပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_drg
#mgy_may2018

Sign Up

Upcoming Events