လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း ကျေးရွာ (၁၆) ၌ (၂၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အမိုးလန်နေအိမ် (၉၁) လုံး၊ ပြိုကျနေအိမ် (၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်(၁၀) မျိုး (၉၁) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၄) အိမ်ထောင် စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၃၀,၀၀၀ိ/-) ကျပ်တို့အား (၂၉-၅-၂၀၁၈) ရက်နေ့တွင် ဘုတလင် မြို့နယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#sgg_may2018