သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့နယ်၊ ခရဲကမ်းနားကျေးရွာ၌ ကျေးရွာနေ ပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဌာနနှင့် ပတ်သက်သော သိကောင်းစရာများ၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ ဗလာစာအုပ်နှင့် ဘောပင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#krn_may2018

Sign Up

Upcoming Events