လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်အတွင်း (၂၆-၅-၂၀၁၈) ရက်နေ့၌ လောင်ကျွမ်းခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာ၊ Hygiene kit (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-) ကျပ်နှင့် သေဆုံးကလေးငယ်အတွက် (၃၀၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂၅,၂၀၀ိ/-) ကျပ်တို့အား (၂၇-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_fir
#mdy_may2018