နေပြည်တော်၊၂၅-၅-၂၀၁၈
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ၅/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ၂၅-၅-၂၀၁၈ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင်ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဝန်ကြီးဌာနများမှကော်မတီ အဖွဲ့ဝင် များတက်ရောက်ခဲ့ ကြပါသည်။
ပထမဦးစွာ ကော်မတီဥက္ကဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးကအဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီ စတင်ဖွဲ့စည်းပြီးကတည်းက အစည်းအဝေးများကျင်းပခဲ့ပြီး ယခုအကြိမ်ဟာ (၁၄) ကြိမ်မြောက်ရှိပြီဖြစ် ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း (၅) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပါကြောင်း၊ အကြံပြုချက်များကို အကောင် အထည်ဖော်နေခြင်းသည် ရခိုင်ပြည်နယ်တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေရေး၊ တည်ငြိမ်အေးချမ်းစေရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေးတို့အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး၏ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်သွားမည်ဖြစ်ကြောင်း၊ အကြံပြုချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယခုဦးစားပေးဆောင်ရွက်နေသော အချက် များသည် လတ်တလောဖြစ်ပေါ်နေသောအခြေအနေများ အပေါ်ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိ စေမည်ဖြစ်ပြီး ရေရှည်တွင်လည်း ဖွံ့ဖြိုးတိုးတက်ခြင်း၊ ပဋိပက္ခကင်းဝေးခြင်းနှင့် တည်ငြိမ်အေးချမ်းခြင်း တို့ရရှိမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် ဆောင်ရွက်ရေးများသာဖြစ်ပါ ကြောင်း၊ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် ပူးပေါင်းဆောင်ရွက်နေကြသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ အကြံပြုချက်များကို အကောင် အထည်ဖေါ်ရာတွင် လက်တွေ့မြေပြင်၌ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ အမှန်ရရှိရန် လိုအပ် ကြောင်း၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဆင့်တာဝန်ရှိသူများသည် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အမှန်တကယ်အပြောင်လဲ တိုးတက်မှုများကိုခံစားရသူများက ထုတ်ဖေါ်ပြောကြားလာသည်အထိဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခုဦးစားပေးဆောင်ရွက်နေသော ဥပဒေနှင့် အညီနိုင်ငံသားဖြစ်မှု၊ ဥပဒေနှင့်အညီလွတ်လပ်စွာခရီးသွားလာခွင့်ရရှိစေမှု၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းလက်လှမ်းမီမှုရရှိစေမှု၊ ၂၀၁၂ခုနှစ်ကစတင်ခဲ့သော IDP စခန်းများကို အစီအစဉ်တကျပိတ်သိမ်းရန် စီမံချက်ချမှတ်ဆောင်ရွက်နေမှု၊ အထောက်အထား ပြသနိုင် သော တိုးတက်ပြောင်းလဲမှုဖြင့် မှန်ကန်သောသတင်းများ ထုတ်ပြန်နိုင်ရေးစသည်များကို ရှင်းလင်း ပြောကြားပြီး အကြံပြုချက်များဆောင်ရွက်ပြီးစီးမှုများကို ပြည်သူသို့အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမအကြိမ်ထုတ်ပြန် ပေးပြီးဖြစ်ပါကြောင်း၊ ယခုမေလကုန် တွင် ဒုတိယအကြိမ်ပြည်သူသို့ အစီရင်ခံစာထုတ်ပြန်နိုင်ရေး ကြိုးစားဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကော်မတီပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကဆွေးနွေးရာတွင် အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်သည့်လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်ပေးကြဖို့ပြောကြားလိုပါကြောင်း၊ အကြံပြုချက်အားလုံးကို အပြည့်အဝမဟုတ်တောင် ရာနှုန်း ပြည့်နီးပါးဆောင်ရွက်နိုင်ရေး ကြိုးစားပေးကြစေလိုကြောင်း၊ ရေတိုရေရှည်လုပ်ငန်းများအလိုက် သက်ဆိုင် ရာဌာနများက စနစ်တကျဆောင်ရွက်နိုင်ပြီး နှစ်ဖက်အဖွဲ့အစည်း သဟဇာတဖြစ်ရန်နှင့် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးပြည်နယ် အစိုးရအနေဖြင့်လည်းကြိုးစား ဆောင်ရွက်နေပါကြောင်း ပြောကြား ခဲ့ပါသည်။ ဆက်လက်ပြီးတွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်ကအကြံပြုချက် (၈၈) ချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စများကို အကြံပြုချက် တစ်ချက်ချင်းအလိုက် ဆွေးနွေး တင်ပြရာ ကော်မတီအဖွဲ့ဝင်ဝန်ကြီးဌာနများကလည်း ဆောင်ရွက်နေမှုများကို ဖြေကြားရှင်းလင်းခဲ့ပြီး ကော်မတီဥက္ကဌနှင့် ပူးတွဲဥက္ကဌတို့က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းခဲ့ကာ အစည်းအဝေးကို (၁၆:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may2018