သောက်သုံးရေကန်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

25_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ ဆင်စွယ်ကျေးရွာအုပ်စု၊ ကျော်ရွာ ကျေးရွာတွင် သောက်သုံးရေကန်အတွင်း ရေအလွန်နည်းပါးခြင်း၊ နုံး အနည်အနှစ်များပို့ခြင်း၊ ရေဝင်လမ်းကြောင်း ပျက်စီးနေခြင်းတို့ကြောင့် ရေကန်ဆယ်ယူရန်အတွက် ရေပိုမိုသိုလှောင်နိုင်ရန်အတွက် ထပ်မံတိုးချဲ့တူးဖော်ပေးရန်အတွက် ထောက်ပံ့ငွေ (၁၇၀၀၀၀၀၀ိ/-) (ကျပ်သိန်းတစ်ရာ့ခုနှစ်ဆယ်တိတိ)အား  (၂၅-၅-၂၀၁၈)ရက်နေ့တွင် မြိုင်မြို့နယ်တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြိုင်မြို့နယ်တိုင်း ဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး၊ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး၊ ဌာနဆိုင်များနှင့်အတူ ဆင်စွယ်ကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာမှ ရေပေးဝေရေးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_drg
#mgy_may2018
Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events