
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၈)ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မူလတန်း(ဒုတိယတန်း) သင်ရိုးသစ်မိတ်ဆက် ကျောင်းအုပ်အဆင့်သင်တန်း၌ ဆရာ၊ဆရာမစုစုပေါင်း (၁၀၀)ကျော်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_eqk
#sgg_may2018
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)