
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၆.၅.၂၀၁၈)ရက်နေ့ လေးပြင်းတိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်ကိုင်းကြီးအုပ်စု၊ ကြေးစည်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ်တိတိ/ (၁၉.၅.၂၀၁၈)ရက်နေ့ ပန်းတောင်းမြို့၊ ကျွန်းမီးအုပ်စု၊ ကျွန်းမီးကျေးရွာ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၈၅၀၀ိ/-)ကျပ်တိတိ/ (၂၀.၅.၂၀၁၈)ရက်နေ့ ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၃)စုကျေး ရွာ(၄)ရွာလေပြင်းတိုက်ခတ်မှု ကြောင့် အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၉၁၃၀၀ိ/-)ကျပ်တိတိတို့အား ပန်းတောင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လေဘေးသင့်ပြည်သူများထံသို့ (၂၅.၅.၂၀၁၈)ရက်နေ့ (၁၀း၂၀)နာရီအချိန်တွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2018
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)