လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ် ကျေးရွာအုပ်စု (၂) စု ကျေးရွာ (၈) ရွာတို့၌ (၁၆-၅-၂၀၁၈) ရက်နေ့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံး၊ အမိုးလန်နေအိမ် (၃၀) လုံး၊ လူဦးရေ (၇) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၂၉,၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၃၄၃,၉၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာအား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၃) ရွာတို့တွင် (၁၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၉၁,၂၀၀ိ/-)ကျပ်တို့အား (၂၄-၅-၂၀၁၈) ရက် နေ့တွင် သာယာဝတီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2018