လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာနှင့် မလယ်သာကျေးရွာအုပ်စု၊ မလယ်သာကျေးရွာတို့တွင် (၂၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ် (၁၀) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ အမိုးလန် ပျက်စီးခဲ့ပြီး အိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စု၊ လူဦးရေ (၄၇) ဦးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း လေဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၈,၇၀၀ိ/-) ကျပ်၊ နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၃၄၈,၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၀) အိမ်ထောင်စာတို့အား (၂၄-၅-၂၀၁၈) ရက်နေ့တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018