လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်ရှိ စိန်ပက်ထရစ်အာစီ ဘုရားကျောင်းသို့ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ရောက်ရှိလာသော ခေတ္တနေရပ်စွန့်ခွာ အိမ်ထောင်စု (၂၉) စု၊ လူဦးရေ (၁၄၂) ဦးတို့အတွက် (၁,၇၂၂,၇၅၀ိ/-) တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား (၁) လစာ၊ ဆန် (၄၄) အိတ်၊ (၉) ပြည်၊ ဆီ (၅၈) ပိဿာ၊ ပဲ (၅၈) ပိဿာ၊ ဆား (၇၄) ပိဿာတို့အား (၁၉-၅-၂၀၁၈) ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_may2018