(၁၀-၁၂-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ယူနီဆက်ဖ်မြန်မာ နှစ်ရှည်လုပ်ငန်းအစီအစဉ် အသိပေး အလုပ်ရုံဆွေးနွေးပွဲနှင့် သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားကို Royal ACE Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ဦးစိုအောင်နှင့် UNICEF Myanmar မှ Emergency Specialist, Mr.Michael Flachaire တို့တက်ရောက်ခဲ့ကြပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာများမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကာ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှု၊ စီမံကိန်းရေးဆွဲခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း၊ သတင်းဖြန့်ဝေခြင်း၊ မိတ်ဆက်အဖွဲ့အစည်းများ၊ ဆက်သွယ်ရေး၊ အထောက်အပံ့ပစ္စည်းနှင့် တုံ့ပြန်မှုဆိုင်ရာ ပံ့ပိုးမှုတို့ဖြင့် ပုံမှန်နှင့် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုများတွင် ထိရောက်စွာထောက်ပံ့နိုင်သည့် နှစ်ရှည်လုပ်ငန်းအစီအစဉ်များကို အုပ်စုလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။