ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့်လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အ.ထ.က (၂) ကျောင်း၌ ခရိုင်နှင့်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့်အတူ ဌာနဆိုင်ရာ (၁၇) ဦး၊ လူမှု အဖွဲ့အစည်း (၁၅) ဦး၊ ကြက်ခြေနီအဖွဲ့ (၂၀) ဦး၊ မီးသတ်တပ်ဖွဲ့ (၁၅) ဦးနှင့် (Grade_2) သင်ရိုးသစ် ဆိုင်ရာသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၄၆၅) ဦး၊စုစုပေါင်း (၅၃၂) ဦးအား (၂၃-၅-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း များဆောင်ရွက်ခဲ့ပြီး အားလုံးပူးပေါင်းပါဝင်သော သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်ခြင်း၊ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#kcn_may2018

Sign Up

Upcoming Events