ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

24_Pic_05

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၈) ရက်နေ့၊ နံနက် (၈း၀၀) နာရီမှ (၁၀း၀၀)နာရီအထိ ဒေးဒရဲမြို့၊ အထက (၁)၌ ဖွင်‌့လှစ်‌‌နေသည်‌့ ဒုတိယ အသုတ်‌ကျောင်‌းအုပ်အဆင်‌့ Grade-2 (သင်ရိုးသစ်) သင်တန်းတက်ရောက်နေသော ဆရာ၊ဆရာမများ၊ ဒေးဒရဲမြို့နယ်၊ ကြက်‌‌ခြေနီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အ‌ခြေခံပညာဦးစီးဌာနမှ အကြီးအကဲများစုစု‌ပေါင်‌း(၂၅၀)ဦးတို့ုဖြင့် ငလျင်‌‌ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင်‌့မှုအား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဇာတ်တိုက်‌‌လေ့ကျင်‌့ခန်းပြုလုပ်ခြင်းသည် ရုတ်တရက် ကျောင်‌းတွင်‌းငလျင်‌‌ဘေး အန္တရာယ်ကျ‌ရောက်လာပါက ဆရာ/ဆရာမများအနေဖြင့် မှန်ကန်‌‌သောဆုံးဖြတ်ချက်များချမှတ်ပြီး တပည်‌့များအား အသက်‌‌ဘေးအန္တရာယ်မှ လွတ်ကင်းရာသို့ ကယ်ထုတ်နိုင်‌ပြီး ဆုံးရှုံးမှုများ‌လျော့ပါးသက်သာ‌စေမည်‌ဖြစ်‌ကြောင်း သတင်းရရှိပါသည်။

#ar_eqk
#ayy_may2018
Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events