လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ရေမျက်ကျေးရွာအုပ်စု၊ တောင်မြင့်ကျေးရွာ၌ (၁၆-၅-၂၀၁၈ ) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄)လုံး၊ အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၃) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇,၃၀၀ိ/-)ကျပ်၊ နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၄၇,၃၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၄) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events