ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ပေရင်းကျေးရွာအုပ်စု၊ ပေရင်းကျေးရွာနှင့် ရေငံကျေးရွာအုပ်စု၊ရေငံ(တ)ကျေးရွာတို့တွင် (၁၃.၅.၂၀၁၈ ) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးအိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀ိ/-) ကျပ်၊ နေအိမ် (၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၄၀,၀၀၀ိ/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၈,၉၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂) အိမ်ထောင်စာတို့အား (၁၆-၅-၂၀၁၈) ရက်နေ့တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018