ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာနှင့် ရေမျက်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာတို့တွင် (၁၃-၅-၂၀၁၈) ရက်နေ့နှင့် (၁၄-၅-၂၀၁၈) ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်း တိုက်ခတ်မှု ကြောင့် ဘေးသင့်ခဲ့သော အမိုးလန်ပျက်စီး အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၁) ဦး အတွက်ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀,၀၀၀ိ/-)ကျပ်၊ စုစု ပေါင်း ထောက်ပံ့ငွေ(၈၃,၁၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018