ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲ မြို့နယ်၊ ဓနုန်းမြောင်ကျေးရွာအုပ်စု၊ ဓနုန်းမြောင်ကျေးရွာနှင့် မှန်ကင်းကျေးရွာ၊ ကုန်းဘိုကျေးရွာ အုပ်စု၊ ကုန်းသာကျေးရွာနှင့် သဝှားကျေးရွာအုပ်စု၊ သဝှားကျေးရွာတို့တွင် (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၆) လုံး၊ ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု (၆) စု၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၆,၇၀၀ိ/) ကျပ်၊ နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀ိ/-) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း အတွက် ကျောင်းဆောက်အလှူငွေ (၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၄၆,၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၁၈) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018