ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အညာဝါဘင်းကျေးရွာအုပ်စုနှင့် ကျောက်ထုကျေးရွာအုပ်စု၊ အညာဝါဘင်းကျေးရွာနှင့် ကျောက်ထုကျေးရွာတို့တွင် (၁၀-၅-၂၀၁၈) ရက်နေ့ (၁ရး၅၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၁၀၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၁၆,၃၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၉၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀၆,၃၀၀ိ/-) ကျပ်၊ ပြိုကျနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁)စုစာ၊ အမိုးလန်နေအိမ် (၂၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၂၂) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၁၈) ရက်နေ့တွင် ထီးလင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018