ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ရေစကြိုမြို့နယ် ဦးစီး မှူးရုံးမှ တာဝန်ရှိသူများနှင့် ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်သည် ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၆) အုပ်စု၊ကျေးရွာ (၂၉) ရွာတို့တွင် (၁၁/၁၃-၅-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၈) လုံး၊ အမိုးလန်အိမ်ခြေ (၁၁၉) လုံး၊ အိမ်ထောင်စု (၁၂၇) စု၊ လူဦးရေ (၅၈၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်ဖိုးငွေ (၃,၈၂၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၂၂၆,၄၀၀ိ/-) ကျပ်၊ ပြိုကျအိမ်ခြေ (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊(၈) အိမ်ထောင်စာ၊ အမိုးလန်အိမ်ခြေ(၁၁၉)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၁၉) အိမ်ထောင်စာ၊ စုစုပေါင်း (၅,၀၄၆,၄၀၀ိ/-)ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခြင်းအားလည်းကောင်း၊ ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၆) အုပ်စု၊ ကျေးရွာ(၉) ရွာတို့တွင် (၁၁-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၂) လုံး၊ အမိုးလန်အိမ်ခြေ (၄၆) လုံး၊ အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၂၀၅) ဦး အတွက် အိမ်ဆောက်ပစ္စည်ဖိုးငွေ (၁,၄၃၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၄၃၀,၅၀၀ိ/-)ကျပ်၊ ပြိုကျအိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၂) အိမ်ထောင်စာ၊ အမိုးလန်အိမ်ခြေ (၄၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၄၆) အိမ်ထောင်စာ၊ စုစုပေါင်း (၁,၈၆၀,၅၀၀ိ/-) ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခြင်းအားလည်းကောင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅) ရွာ၊ ရပ်ကွက် (၂) ခုတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၁) လုံး၊ အမိုးလန်အိမ်ခြေ (၈)လုံး၊ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၄၃) ဦးအတွက် အိမ်ဆောက်ပစ္စည်ဖိုးငွေ (၄၀၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၀,၃၀၀ိ/-)ကျပ်၊ ပြိုကျအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁) အိမ်ထောင်စာ၊ အမိုးလန်အိမ်ခြေ (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၈) အိမ်ထောင်စာ စုစုပေါင်း (၄၉၀,၃၀၀ိ/-)ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေး သင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခြင်းအားလည်းကောင်း၊ မြိုင်မြို့နယ်အတွင်းရှိ ဆူးဝင်းကျေးရွာအုပ်စု၊ ကျောက်ခွက်ကျေးရွာတွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် မီးဘေးသင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦး အတွက် အိမ်ဆောက် ပစ္စည်ဖိုးငွေ (၁၅၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀ိ/-) ကျပ်၊ အိမ်ခြေ (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ စုစုပေါင်း (၁၆၄,၇၀၀ိ/-) ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခြင်းအားလည်းကောင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အနောက်ပိုင်းရပ်ကွက်၊ ရွှေညောင်ပင်လမ်းတွင် (၁၃-၅-၂၀၁၈)ရက်နေ့ ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် အိမ်ဆောက်ပစ္စည်ဖိုးငွေ (၅၀,၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၇) ရက်စာ(၁၀,၅၀၀ိ/-)ကျပ်၊ အမိုးလန်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်း (၆၀,၅၀၀ိ/-)ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၁၅-၅-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ha_fir
#mgy_may2018