ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဆတ်ရိုးကျရပ်ကွက်၌ (၁၅-၅-၂၀၁၈) ရက်နေ့၊ (၁၁း၂၀) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၇) လုံး၊ အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၉၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၅) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#rke_may2018