ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်း မြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ လျှော်ချောင်းကျေးရွာ၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အားလည်းကောင်း၊ မော်လမြိုင် ကျွန်းမြို့နယ်၊ မမွှေးကျွန်းကျေးရွာအုပ်စု၊ ကျုံလမုကျေးရွာ၌ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁)၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၀၄,၂၀၀ိ/-) ကျပ်တို့အား (၁၅-၅-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီ အချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_tls
#ha_fir
#ayy_may2018