ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၅-၅-၂၀၁၈) ရက်နေ့(၀၉း၀၀) နာရီအချိန်၌ မင်းဘူးမြိ့ု၊ အ.ထ.က (၁) ၌ ဖွင့်လှစ်သော ဆရာ/ဆရာမများ မွမ်းမံသင်တန်းများတွင် ဆရာ/ဆရာမ အင်အား (၂ဝဝ) ဦးခန့်အား သဘာဝဘေးစီမံခန့် ခွဲမှုလုပ်ငန်းများ၊ ငလျင်အကြောင်းသိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#mgy_may2018