မင်းဘူးမြို့နယ် လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး မြို့နယ်၊ ကျေးရွာ (၂၀) ရွာတို့တွင် (၁၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော ပြိုကျနေအိမ် (၂၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၅၀,၀၀၀ိ/-) ကျပ် အမိုးလန်နေအိမ် (၂၅၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၀၄၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၁၇၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂,၄၆၁,၂၀၀ိ/-) ကျပ်၊ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ ပြိုကျဘကကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန် ဘကကျောင်း (၉) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၄၅၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉,၆၀၁,၂၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၂၃) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂၅၂) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၁၈) ရက်နေ့ (၁၀း၃၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events