၁။ ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွားခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများ အတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ပြည်သူများက အလှူ ငွေများပေးအပ်လှူဒါန်းလျက်ရှိရာ Consulate General of the Republic of The Union of Myanmar in Nanninမှ အမေရိကန်ဒေါ်လာ (၁၅၄၅၂.၄၄)၊ Butsarapa Udomsup (Krung Thai Bank ၊ Bangkok) မှ အမေရိကန်ဒေါ်လာ (၄၉၉၉) နှင့် Embassy of the Union of Myanmar မှ အမေရိကန်ဒေါ်လာ (၂၇၉၁၇.၃၆)၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၈၃၆၈.၈၀) ကို နိုင်ငံခြားအလှူငွေစာရင်းအမှတ် (1DA-0300086) သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၉-၁၁-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် (၈၁၄၀၂,၅၂,၄၆၃/၆၁ပြား)၊ အမေရိကန် ဒေါ်လာ (၃၄၃၅၈၀၂.၄၉)၊ ယွမ် (၅၀၀၀၀)၊ ဂျပန်ယန်း (၁၈၀၄၀) ဖြစ်ပါ သည်။ လက်ခံရရှိသောအလှူငွေများကို ဘေးသင့်ဒေသများပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။