၁။ ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြားဖြစ်ပွား ခဲ့သော ရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိရာ (၆-၁၁-၂၀၁၅) ရက်နေ့တွင် နေပြည်တော် ရုံးချုပ်၌ ASEAN Ladies Circle (Jakarta) မှ အမေရိကန်ဒေါ်လာ (၁၅၀၀)နှင့်ညီမျှသည့် မြန်မာငွေကျပ် (၁၉,၁၅,၅၀၀/-) ကိုလာရောက် လှူဒါန်းရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံညွှန်ကြား ရေးမှူးချုပ်၊ ဦးစိုးအောင်မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြော ကြား ပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅) ရက်နေ့မှ (၆-၁၁-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေ စုစုပေါင်းမှာ ကျပ် (၈၁၄၀၂,၅၂,၄၆၃/၆၁ပြား)၊ အမေရိကန် ဒေါ်လာ (၃၃၈၇၄၃၃.၆၉)၊ ယွမ်(၅၀၀၀၀)၊ ဂျပန်ယန်း (၁၈၀၄၀) ဖြစ်ပါ သည်။ လက်ခံရရှိသော အလှူငွေများကို ဘေးသင့်ဒေသများပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲလျက်ရှိပါကြောင်းသတင်းရရှိပါသည်။