၁။ ၂၀၁၅ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဖြစ်ပွား ခဲ့သောရေကြီး၊ ရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပအစိုးရများ၊ အဖွဲ့အစည်း များ၊ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျှက်ရှိရာ(၅-၁၁-၂၀၁၅) ရက်နေ့တွင် နေပြည်တော်ရုံးချုပ်၌ အလှူငွေလက်ခံရရှိမှုမရှိပါ။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့ရှိ (1DA-0300086) စာရင်းသို့ ITOCHU Coroporation မှ အလှူငွေ အမေရိကန်ဒေါ်လာ (၂၀၀၀) ကို ဘဏ်သို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းခဲ့ပါ သည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် City FM ရေဒီယိုမှ အလှူငွေ ကျပ် (၁၀,၀၀,၀၀၀/-) လက်ခံရရှိပါသည်။ သို့ဖြစ်ပါ၍ (၂၉-၇-၂၀၁၅)ရက်နေ့ မှ (၅-၁၁-၂၀၁၅) ရက်နေ့အထိ အလှူရရှိငွေစုစုပေါင်းမှာ ကျပ် (၈၁၃၈၃,၃၆,၉၆၃/၆၁ပြား)၊ အမေရိကန်ဒေါ်လာ (၃၃၈၇၄၃၃.၆၉)၊ ယွမ်(၅၀၀၀၀)၊ ဂျပန်ယန်း(၁၈၀၄၀) ဖြစ်ပါသည်။ လက်ခံရရှိသော အလှူငွေများကို ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင် သုံးစွဲလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။