ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ဇရပ်ဆိပ်ကျေးရွာ၌ (၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၂၆) လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၂၆) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၄,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၁၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၀၀,၃၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၈၄,၃၀၀ိ/-) ကျပ်တို့အား (၈-၅-၂၀၁၈) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_may2018