မင်းဘူးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး မြို့နယ်၊ ကျေးရွာ (၁၁) ရွာတို့၌ (၇-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ခဲ့သော ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၂၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၂) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၄၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းအတွက် ကျောင်းဆောက်အလှူငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၉၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၉၉,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈၉,၅၀၀ိ/-) ကျပ်တို့အား (၈-၅-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီ အချိန်တွင် သင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events