စေတုတ္တရာမြို့နယ် လေပြင်းဘေးထောက်ပံ့မှု

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် သံဆယ်ကျေးရွာနှင့် ငမကျေးရွာတို့တွင် (၇-၅-၂၀၁၈) ရက်နေ့၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျလူနေအိမ်(၄)လုံးတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄) အိမ်ထောင်စုနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၇၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၇၃) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၉၀,၀၀၀ိ/-)ကျပ်၊ ဒဏ်ရာရသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၅၅,၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၁၄၅,၂၀၀ိ/-) ကျပ်နှင့် (၈ – ၅ – ၂၀၁၈) ရက်နေ့ ( ၁၅းဝဝ) နာရီအချိန်တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#mgy_may2018

Sign Up

Upcoming Events