ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ လှံတင်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ (၆-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ် မှုကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၂၃)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၉)မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၆၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၄၈,၃၀၀ိ/-) ကျပ်တို့အား (၈-၅-၂၀၁၈) ရက်နေ့တွင် အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများလက်ဝယ်သို့ လွှဲပြောင်း ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_agw
#mgy_may2018