မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုနှင့် ကောင်းမွန်စွာသင်ကြားသင်ယူနိုင်ရေးအစီအစဉ်သင်တန်း ဖွင့်လှစ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၌ NRC အဖွဲ့နှင့်ပူးပေါင်း၍ (၆-၅-၂၀၁၈) ရက်နေ့နှင့် (၇-၅-၂-၁၈) ရက်နေ့တို့တွင် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်း အားဖွင့်လှစ်သင်ကြားခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၎င်းတို့မြို့နယ်တွင် ဘေးဖြစ်ပွားမှုများ၊ သင်ခန်းစာယူစရာများ နှင့် မိမိတို့ဒေသအတွက် အကျိုးရှိရှိပြန်လည်အသုံးချကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ဘေး/စီမံမှ ပြည်နယ်မှူး ကိုယ်စား တာဝန်ရှိသူတစ်ဦးမှ သင်တန်းမိတ်ဆက်စကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ အရေးပါပုံတို့အား တာဝန်ကျရာ ကျောင်း/ရပ်ရွာများတွင် အသိပညာဆက်လက်ပြန့်ပွားပေး နိုင်ရေး တိုက်တွန်းပြောကြားခြင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာများ၊ သဘာဝဘေးဆိုင်ရာ ဥပဒေဖွဲ့စည်းပုံ များနှင့် ကော်မတီဖွဲ့စည်းမှုများ၊ သဘာဝဘေး၏ သဘောတရားနှင့် ဆောင်ရန်/ရှောင်ရန်များ အကြောင်း ပြောကြားခဲ့ပြီး ဘေး (၈) မျိုးပါ လက်ကမ်း စာစောင်များဝေငှပေးခြင်းနှင့် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းများကိုလည်းဆောင်ရွက်ခဲ့ပါခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ဆရာ/ဆရာမ စုစုပေါင်း (၄၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_may2018

Sign Up

Upcoming Events