လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိသုခနှင့် သီရိဝေဖြာရပ်ကွက် (၂) ခုတွင် (၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲ အိမ်ခြေ (၃) လုံး၊ လူဦးရေ (၁၄) ဦးနှင့် အမိုးလန်နေအိမ် (၃၄) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၂,၇၀၀,၄၀၀ိ/-) ကျပ်တို့အား (၈-၅-၂၀၁၈) ရက်နေ့တွင် သဲကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အင်းမမြို့ အုပ်ချုပ်ရေးမှူး(သဲကုန်းမြို့နယ် ထွေအုပ်)၊ မြို့နယ်ပြန်ဆက်ဦးစီးမှူးနှင့် ရပ်မိ/ရပ်ဖတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_may2018

Sign Up

Upcoming Events