ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စုမှ ကျေးရွာခွဲ (၁၂) ရွာ၌ (၂၉-၄-၂၀၁၈) ရက်နေ့နှင့် (၂-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၉) လုံး၊ အမိုးလန် (၃၉) လုံး၊ စုစုပေါင်း (၄၈) လုံး၊ လူဦးရေ (၁၇၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၇,၅၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၉) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃၉) အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂,၇၇၀,၀၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄,၁၉၅,၅၆ရိ/-) ကျပ်တို့အား (၇-၅-၂၀၁၈) ရက် နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#ayy_may2018