ထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွပ် ကျေးရွာ၊ နှစ်ချင်းဘုရားကျောင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၂၇)စု၊ လူဦးရေ (၁၃၂) ဦး တို့အတွက် ထောက်ပံ့မှုဆောင်ရွက်ရန်နှင့် ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားချက်အရ သက်ဆိုင်ရာဌာနများ ပူးပေါင်းဖွဲ့စည်းထားသော JST -joint strategy Team for humanitarian assictance တွင်ပါဝင်၍ လိုအပ်သည်များဆောင်ရွက်ပေးနိုင်ပါရန် (၄-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့မှုအခမ်းအနားပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဆန် (၇) ရက်စာဖိုး (၂,၇၇၂၀၀ိ/-) ကျပ်နှင့် ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးများနှင့် ကျောက်လုပ်ငန်း ရှင်များမှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ ငါးခြောက်၊ အာလူးများအသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် စခန်းအတွင်း လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#otr
#kcn_may2018

Sign Up

Upcoming Events