ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်တော် မြို့နယ် ကျေးရွာ (၄)ရွာနှင့် ရပ်ကွက် (၁)ခုတို့တွင်(၂၈-၄-၂၀၁၈)ရက်နေ့ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော အိမ်ခြေ (၆၁)လုံး အိမ်ထောင်စု (၆၁)စုမှ လူဦးရေ (၂၇၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၅၇၁,၇၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၂၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၈၀၁,၇၀၀ိ/-)ကျပ်တို့အား (၂-၅-၂၀၁၈)ရက်နေ့ (၁၄း၀၀) အချိန်တွင် ကျောက်တော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွဲှပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Souece: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#rke_mar 2018