ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ ဖလံအိုကျေးရွာအုပ်စု၊ အောက်ကျင်းစုကျေးရွာတွင် (၃၀-၄-၂၀၁၈)ရက်နေ့ (၁၁း၅၀) အချိန်၌ ဖြစ်ပွား ခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် သစ္စာရွှေပြည် ဘုန်းတော်ကြီးကျောင်း (၂) ထပ်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဖလံအို ကျေးရွာအုပ်စု၊ ဖလံအိုကျေးရွာ၌ (၃၀-၄-၂၀၁၈)ရက်နေ့ (၁၁း၁၅) အချိန်၌ ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ (၂၇)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၅၆,၇၀၀ိ/-)ကျပ်၊ အိမ်ထောင်စု (၁)စုစာ စက္ကူပုံးနှင့်ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၆,၇၀၀ိ/-)ကျပ်တို့အား (၂-၅-၂၀၁၈) ရက်နေ့ (၁၅း၂၅)နာရီအချိန်တွင် ကျေးရွာချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_mar 2018