လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် အတွင်း ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာခွဲ (၂၁)ရွာ၌ (၂၄-၄- ၂၀၁၈)နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် လုံးဝ ပြိုလဲပျက်စီးအိမ်ခြေ (၁၃)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၁၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၆,၁၂၀,၀၀၀ိ/-) ကျပ်၊ လေဘေးသင့်လူဦးရေ (၆၁၄)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၁,၃၄၆,၁၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေးဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်တို့အား (၁-၅-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_mar 2018

Sign Up

Upcoming Events