#ha_sgw #ayy_mar 2018 လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ် အတွင်း ကျေးရွာအုပ်စ (၁၇)စု၊ ကျေးရွာခွဲ (၄၀)ရွာတို့၌ (၂၄-၄-၂၀၁၈)နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃၂၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၁,၈၁၀,၀၀၀ိ/-)ကျပ်အား လည်းကောင်း၊ ယင်းမလွတ်ကျေးရွာအုပ်စု၊ ယင်းမလွတ်ရွာဟောင်းကျေးရွာနှင့် ကြက်ကြီးကျေးရွာများ၌ (၂၅-၄-၂၀၁၈)နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၁၂၀,၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၇,၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၄)အိမ်ထောင်စာတို့အားလည်းကောင်း၊ အထွဋ်ကျေးရွာအုပ်စု၊ ကြာမန်း ချောင်းကျေးရွာ၌ (၂၇-၄-၂၀၁၈) နေ့တွင် လေဘေးဖြစ်ပွားမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက် စာဖိုးငွေ( ၁၂,၆၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာတို့အားလည်းကောင်း (၁-၅-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events